အကြောင်းအရာ

Grand Agrocare သည် မြန်မာနိုင်ငံတဝှမ်းရှိ စိုက်ပျိုးရေးလုပ်ဆောင်ရာ ဒေသအသီးသီးတွင် စိုက်ပျိုးရေးနှင့်ဆိုင်သော ထုတ်ကုန်အမျိုးမျိုးကို တိုးချဲ့တင်သွင်းပြီး ဖြန့်ဖြူးရောင်းချခြင်း နှင့် ဈေးကွက်ချဲ့ထွင်ရောင်းချခြင်းများ ပြုလုပ်ခဲ့ပါသည်။

Grand Agrocare ဧ။် ထုတ်ကုန်များကို နယ်ပယ်အသီးသီးတွင် အတွေ့အကြုံမြင့်မားသော အရောင်းကိုယ်စာလှယ် များမှ ပံ့ပိုးဖြန့်ချီပေးလျက်ရှိသည်။ Grand Agrocare ဧ။် ထုတ်ကုန်များသည် ညွှန်ကြားချက်အတိုင်းသုံးစွဲမည်ဆိုပါက အရည်အသွေး ထိရောက်မှုအာနိသင် နှင့်ပတ်သက်၍ အပြည့်အဝထောက်ခံမှုများပေးနိုင်ပါသည်။

Grand Agrocare ဧ။် ထုတ်ကုန်များအားလုံးကို အဓိကအားဖြင့် မလေးရှားနိုင်ငံ အခြေစိုက် Kenso Corporation မှ ဝယ်ယူတင်သွင်းထောက်ပံ့လျက်ရှိပါသည်။ Kenso သည် စိုက်ပျိုးရေးသုံးထုတ်ကုန်များဖြစ်သော ပေါင်းသတ်ဆေး ၊ ပိုးသတ်ဆေး ၊ မှိုသတ်ဆေး အစရှိသော အရည်အသွေးမြင့်သီးနှံစိုက်ပျိုးရေး ထုတ်ကုန်များကို အရည်အသွေး တိုးမြင့်ခြင်းနှင့် ထုတ်လုပ်ခြင်း လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်မှာ နှစ် ၄၀ ကျော်ခဲ့ပြီ ဖြစ်ပါသည်။ မလေးရှားနိုင်ငံရှိ Kenso ကုန်ထုတ်လုပ်မှု စက်ရုံသည် ISO 9001:2015 အမှတ်ဖြင့် တရားဝင် အသိအမှတ်ပြုလက်မှတ် ရရှိပြီး ဖြစ်သည့်အပြင် ထုတ်လုပ်မှုအဆင့်တိုင်း တွင် သုံးစွဲသူလက်ထဲရောက်သည်အထိ ကုန်ပစ္စည်းများကိုစနစ်တကျ စစ်ဆေးလုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးတောင်သူများသည် Grand Agrocare ဧ။် ထုတ်ကုန်များအား အရည်အသွေးပြည့်ဝမှုနှင့် စံနှုန်းများကို သိရှိနားလည်လက်ခံပြီး ယုံကြည်စွာဖြင့်အသုံးပြုလျက်ရှိကြပါသည်။

Products

  • ကဏ္ဍ ခွဲမထား
  • ပိုးသတ်ဆေး
  • ပေါင်းသတ်ဆေး
  • မှိုသတ်ဆေးများ
  • ရွက်ဖြန်းမြေသြဇာ